Leave a comment

ငြိမ်းချမ်းရေး အဖြေရှာရန် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် သမ္မတနှင့် ယနေ့တွေ့မည်

Monday, June 10, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းနေသော သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ငြိမ်းချမ်းရေး အဖြေရှာရန် နေပြည်တော်၌ ယနေ့ (ဇွန်လ ၁၀ ရက်) တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ၏ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

SSA ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် သမ္မတဦးသိန်းစိန်တို့ ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ပြီး RCSS/SSA အဖွဲ့မှ ကိုယ်စားလှယ် ၂၄ ဦး ပါဝင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် ၎င်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ မည်သို့ ကူညီ ဆောင်ရွက် နိုင်မည်ကို ဆွေးနွေး ကမ်းလှမ်းမည် ဖြစ်ကြောင်း RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဦးခွန်ဆိုင်းက ပြောကြားသည်။

“သမ္မတကို ဘာကူညီရမလဲ လာမေးတာပါ။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လူတိုင်းအခက်ခဲတွေ ရှိတယ်။ အဲ့ဒီအတွက် ကူညီနိုင်တာရှိရင် ကူညီသွားမယ်”ဟု ဦးခွန်ဆိုင်းက ဆိုသည်။

သမ္မတနှင့် တွေ့ဆုံစဉ် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အတွက်မူ သမ္မတ၏ ခွင့်ပြုချက်ပေါ်တွင် အဓိက မူတည်ကြောင်း သမ္မတက ခွင့်ပြုမည် ဆိုပါက တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ်အတွင်း ကရင်အမျိုးသား အစည်းအရုံး KNU နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး RCSS/SSA သည် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ဒုတိယမြောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ၂၀၁၃ ခုနှစ် ဇွန်လအတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနှင့် အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်နှင့် ဇူလိုင်လအတွင်း တိုင်းရင်းသားလုံး ပါဝင်သည့်ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိကြောင်း ကြေညာထားသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့်နောက် တစ်နှစ်ကျော် ကာလအတွင်း တပ်မတော်နှင့် SSA တို့အကြား တိုက်ပွဲ ပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတိုင်းတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာခြင်း မရှိကြောင်း RCSS/SSA မှ ထုတ်ပြန်ထားသည်။

 

Leave a comment

ဦးသိန်းစိန်နဲ့ဆွေးနွေးဖို့ SSA(တောင်ပိုင်း) ခေါင်းဆောင် နဲ့အဖွဲ့ နေပြည်တော် ထွက်ခွာ

2013-06-09

နေပြည်တော်မှာ သမ္မတဦးသိန်းစိန် တွေ့ဆုံဆွေးနွေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ RCSS ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တောင်ပိုင်းက အဖွဲ့ဝင် ၂၀ ကျော်ဟာ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် တာချီလိတ်မြို့ကနေ လေယာဉ်ခရီးနဲ့ ထွက်ခွာသွားကြောင်း သိရပါတယ်။

RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ပေါင်ခေးနဲ့ ဗဟိုကော်မတီဝင် အတော်မျာများ လိုက်ပါ သွားကြပြီး ဇွန်လ ၁၀ ရက်နေ့ မနက်ဖြန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်း က အတည်ပြု ပြောဆိုပါတယ်။

“ ဖိတ်ကြားချက်အရသွားတာပါ၊ ဥက္ကဌ ကြီးကြောက်ဝ် ယွက်စစ် ကိုယ်တိုင်သွားပါတယ်။ သူနဲ့အတူ အဖွဲ့ဝင်ပေါင်း ၂၀ ကျော်ကျော် လိုက်ပါသွားတယ်၊
တာချီလိတ်ကနေ လေယာဉ်နဲ့ပါပဲ၊ ဒီ ခရီးစဉ် မှာတော့ ကျနော်တို့ ဆွေးနွေးဖို့အတွက် အဓိကထားပြီးတော့ လာတဲ့ခရီးစဉ် မဟုတ်ပါဘူး၊ ကျနော်တို့ ချစ်ကြည်ရေး ခရီးစဉ် နောက်ပြီးတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကို ဦးစားပေးပြီးတော့ လာတဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်”

ဒီခရီးစဉ်မှာ အပြစ်အခတ် ရပ်စဲရေးအပါအ၀င် ငြိမ်းချမ်းရေး သဘောတူညီထားချက် တွေအပေါ် အကောင်အထည် မဖော်နိုင်သေးတဲ့ ကိစ္စတွေနဲ့ SSA အဖွဲ့က တောင်းဆိုထားတဲ့ လိုလားချက်တွေကို တင်ပြသွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောပါတယ်။

“အဓိကကတော့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကနေ ဖော်ဆောင်နေတဲ့ ဒီ ငြိမ်းချမ်းရေး ကိစ္စ သွားပြီးတော့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်၊
အဲ့ဒါကတော့ ဒီ အစိုးရကနေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ အနေနဲ့ ဘယ်လို ဘယ်အပိုင်းဌာနကနေ ဦးစားပေးနိုင်မလဲ ဆိုတာကို သမ္မတနဲ့ သွားပြီးတော့ တင်ပြမှာ ဖြစ်ပါတယ်၊ အသေးစိတ် ဆွေးနွေးချက်ကတော့ အခြေအနေပေါ်မူတည်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ မသွားခင် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်နဲ့ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် တို့တွေ့ဆုံရင် တင်ပြ ဆွေးနွေးမည့် အချက်အလက်တွေ ရရှိဖို့ဆိုပြီး ရှမ်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါသေးတယ်။

SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့ ကမှ ပထမဆုံးအကြိမ် အစိုးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့မှာ မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး ဆိုင်ရာ သဘောတူညီချက် အပါအ၀င် အချက် ၁၂ ချက်ကို သဘောတူထားပါတယ်။

Leave a comment

လှိုင်သာယာမှာ အလုပ်သမား သမဂ္ဂတွေစုပေါင်း ဆန္ဒပြ

2013-06-09

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်နဲ့ ကမာရွတ်စက်ရုံ တွေက အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ တရက်ကို အခြေခံလုပ်ခလစာ ကျပ် ၃၀၀၀ (သုံးထောင်) အထိ တိုးမြှင့်ပေးဖို့ ဒီကနေ့ မနက်ပိုင်းက ချီတက် ဆန္ဒပြကြပါတယ်။

အလုပ်သမားတွေဟာ ရန်ကုန်-ပုသိမ် အဝေးပြေလမ်းမဘေးမှာရှိတဲ့ Good Morning စက်ရုံရှေ့ကနေ လှိုင်သာယာမြို့နယ်အား ကစားကွင်းအထိ ချီတက် လမ်းလျှောက်ခဲ့ကြပြီး လုပ်ခလစာ တိုးမြှင့် ရရှိရေးအတွက် ကြွေးကြော်သံတွေ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။

စက်ရုံ အတော်များများက အလုပ်သမားတွေဟာ အခြေခံလစာ တစ်လကို အနည်းဆုံး ကျပ် (၂) သောင်းကနေ အများဆုံး ကျပ် (၅) သောင်းဝန်းကျင်အထိ ရရှိကြပါတယ်။

အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ လူမှုဖူလုံရေကြေးတွေ ပေါင်းမှ အမြင့်ဆုံး တစ်လကို ကျပ် (၈) သောင်းဝန်းကျင်သာ ရရှိကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အခြေခံလစာကို အဓိကထားတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။

Leave a comment

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့
Saturday, June 08, 2013

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု
ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့

Firefox Latest Version Download ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip )
MyanmarFontTagger( GreaseMonkey addon)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး Myanmar 3 font ကို Download ချပါ။ Install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်းထားရပါမယ်။အဲ့အတွက် Tools>Options>Content ထဲက
Font setting မှာ Default font ကို TimeNewRomance ထားပေးပါ။
Advance မှာ proportional ကို Serif / Serif ကို Times New Roman ။
San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default charcter encoding ကို Western(ISO-8859-1) ထားပါ။ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

GreaseMonkey addon သွင်းရပါမယ် အဲ့အတွက်
Firefox ရဲ့ Tools > addon ကိုသွားပါ။
Get addon ကိုရွေးပြီး Search box မှာ GreaseMonkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။ firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။
အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။
Install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။ http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။

အားလုံးကိုအဆင်ပြေပြေ မြင်ရပါလိမ့်မယ်။
Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ရော အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။အဆင်ပြေပါစေခင်ဗျ။

Leave a comment

ဖုန်းမတ်ဆေ့ခ်ျပို့ရန် ဘောပင်ဖြင့် ရေးနိုင်မည့် SMS pen

 

 

Thursday, 18 April 2013

ကိုယ်က ဘောပင်မို့လို့ စာရွက်ပေါ်မှာ ချရေးတယ်။ ယင်းစာက ဖုန်း Message အဖြစ် တစ်ဖက်ကို ရောက်သွားစေမယ်လို့ ဘယ်သူက စဉ်းစားမိခဲ့ဖူးပါသလဲ။

ယခု ယင်းအိုင်ဒီယာကို လက်တွေ့အကောင်အထည် ဖော်သူ တွေ ပေါ် လာတော့ D.Scribe ဒစ်ဂျစ်တယ် ဖောင်တိန် ဆိုတာလေး ပေါ်လာ ပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ Bluetooth နဲ့ ချိတ်ပြီး စာရွက်မှာ ကိုယ် ချရေးသလို စာရေး စေပြီး အလိုအလျောက် ပို့ပေးစေပါတယ်။ ဒီတော့ Keypad သို့်မဟုတ်
keyboard တို့ကို အသုံးပြုနေစရာ မလိုတော့ ပါဘူ့း။ စာ ရေးရတာ ပိုဝါ သနာ ပါ သူ၊ အားသန်သူ များအတွက်လည်း အဆင် ပြေါတယ်။

ရေးသမျှစာကို နီးစပ်ရာ standard font ပုံစံပြောင်းပေးပြီး ပို့ ပေး ပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ Language အလျောက် ဘာသာစကား အတော်များများ အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ယင်း D.Scribe digital fountain pen ကို ယခုနှစ်ဆန်း ပိုင်း အတွင်း ဖြန့်ချိနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရ
ပါတယ်။

%d bloggers like this: