အထူးသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်မှ လူနည်းစု မြန်မာမွတ်စလင်များ အရေး ပြောကြားချက်

    ဧပြီ-၁၈ -၂၀၁၃ ရိုက်တာ မြန်မာနိုင်ငံ၏အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်မှ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် မိမိနိုင်ငံတွင်းရှိ လူနည်းစုမွတ်စ်လင်မ်တို့၏ အခြေ အနေမှာ ၀မ်းနည်းဖွယ်ဖြစ်နေကြောင်း၊ ယင်းလူ့ အဖွဲ့ အစည်း အား လုံခြုံမှုရရှိစေရန်လို အပ်ကြောင်း ပြောကြားလိုက်သည်။ လွန်ခဲ့သောလအတွင်း ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု များ ပေါ်ပေါက်ခဲ့ ရာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။ ဒုက္ခသည်များတွင် မွတ်စ်လင်မ်က အများစုဖြစ်သည်။ ၄င်းအကြမ်းဖက်မှုများသည် နိုင်ငံ၏အလယ်ပိုင်းဒေသ တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ ဗုဒ္ဓဘာသာဝင်ပီသ၍ အကြမ်းဖက်မှုကို လက်မခံသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် ဤတင်းမာမှုများအပေါ် နှုတ်ဆိတ်နေခဲ့သော်လည်း၊ ဂျပန်နိုင်ငံသို့အလည်အပတ် သွားရောက်စဉ် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အောက်ပါကဲ့သို့ ပြောဆိုလိုက်ပါသည်။ “ […]

ညီညွှတ်ရေးနဲ့ စည်းကမ်းရှိရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် မှာကြား

မြန်မာနိုင်ငံသားတွေ ညီညွှတ်ကြဖို့နဲ့စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မြန်မာ နိုင်ငံသားတွေ နဲ့ တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်ပါတယ်။ နော်ဝေ၊ ဗြိတိန်၊ အမေရိကန်စတဲ့ နိုင်ငံခြားခရီးစဉ် တိုင်းမှာသက်ဆိုင်ရာနိုင်ငံအသီးသီးမှာ နေထိုင်ကြ တဲ့ မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံပြီး မေးမြန်း တာတွေကို ဖြေကြားလေ့ရှိပါတယ်။ ဒီနေ့ တိုကျိုမြို့က တွေ့ဆုံပွဲမှာ ညီညွှတ်ရေးနဲ့ စည်းကမ်း ရှိကြဖို့ အရေးကြီးကြောင်း အဓိကထား တိုက်တွန်းပြော ကြားခဲ့တာပါ။ မြန်မာနိုင်ငံသားတွေ မညီညွှတ်ခြင်းရဲ့ အကြောင်းရင်းဟာ မိမိကိုယ်ကို ယုံကြည်မှုအားနည်းတာကြောင့်ဖြစ်တယ်လို့လည်း အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံခရီးစဉ်တွေနည်းတူ ညီညွှတ်ကြဖို့၊စည်းကမ်းရှိကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလေ့ရှိသလို တိုကျိုတွေ့ဆုံပွဲမှာလည်း ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ကျေးဇူးကိုသိကြဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်း ကြဖို့ကိုလည်း အလေးထားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito […]