ဗီဒီယို

ဒေါက်တာ အေးချမ်းအားပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာမှာ အတုဟုသိရ

မတ်လ(၁၆)ရက်နေ့က စစ်တွေဟိုတယ်တွင်ပြုလုပ်သည့် ရခိုင်ပြည်သူများမှ ဒေါက်တာအေးချမ်းအား ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာမှာ အတုဖြစ်သွားကြောင်း သတင်းရရှိသည်။ ဒေါက်တာအေးချမ်းအားပေးမည့် မှတ်တမ်းလွှာအစစ်တွင် ရခိုင်ပြည်နယ်ရှိ သမိုင်းပညာရှင်များမှ စုစည်းကာ ရွှောရောင်စာလုံးဖြင့် စာသားရေးထိုးထားပြီး ဆရာတော် ဦးစက္ကိန္ဒမှ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ ဆရာတော် ဦးစက္ကိန္ဒအပါအဝင် ရခိုင်သမိုင်းပညာရှင်များနှင့် ဝံလက်အဖွဲ့သူအဖွဲ့သားများတို့က ဒေါက်တာအေးချမ်းအား အမှန်တကယ်ပေးမည့် ရွှေရောင်စာလုံးဖြင့် ရေးထားသော မှတ်တမ်းလွှကို အခမ်းအနားပြုလုပ်မည့် စစ်တွေဟိုတယ်သို့ မတ်လ(၁၆)ရက်နေ့က ယူဆောင်သွားခဲ့ကြောင် သိရသည်။ ရွှေရောင်စာလုံးဖြင့် ရေးထားသော ဂုဏ်ပြုမှတ်တမ်းလွှာကို အခမ်းအနားစီစဉ်သူများလက်ထဲသို့ လွှဲအပ်ခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာ အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း သိရသည်။ မှတ်တမ်းလွှာအစစ်တွင် ပါရှိသော စာသားမှာ ” သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာအေးချမ်း(ကန္တတက္ကသိုလ် – ဂျပန်)ရေ ရခိုင်သမိုင်းနန့် ရခိုင်အမျိုးသားရေးကိစ္စကို ရှီတန်းက မားမားမတ်မတ် […]

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာ

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြည်ပရောက် မြန်မာတွေ မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံ တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေကို ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေး ကိုလည်း […]