ဗဟုသုတ

သေဆုံးပြီ ထင်ကာ မြေမြှုပ် သဂြုင်္ိဟ်ခဲ့ တဲ့ကြောင် ကလေး ငါးရက် အကြာမှာ သခင့်ထံ ပြန်ရောက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ငါးရက်ကြာ မြေမြှုပ်သဂြုင်္ိဟ်ခဲ့ ပြီးနောက် ပြန်လည် အသက်ရှင်လာ ခဲ့တဲ့ ကြောင်လေး တစ်ကောင်ရဲ့ဖြစ်ရပ်ကို UPI သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကတော့ ဖလော် ရီဒါပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ချစ်စရာကောင်းလှ တဲ့ကြောင်လေး သေဆုံး သွားပြီထင်မှတ်ကာ မြေမြှုပ်သဂြုင်္ိဟ် ပေးခဲ့ပါတယ်။ ယင်းမြေမြှုပ်နှံသဂြုင်္ိဟ်ခဲ့တဲ့ Bart လို့ အမည်ပေးထားတဲ့ ကြောင်လေး ဟာ ငါးရက်အကြာမှာတော့ သခင့်ထံ ပြန် ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ယင်းကြောင်လေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတိုက်ခံရပြီး အသက် ရှူရပ်တန့်သွားခဲ့လို့ သေဆုံးသွားပြီထင်ကာ သခင်ဖြစ်သူ က မြေမြှုပ် သဂြုင်္ိဟ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလို အသက်ပြန်လည်ရှင် လာတဲ့ ကြောင်လေးကို သခင်ဖြစ်သူက အတော်လေးအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ […]

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့ Saturday, June 08, 2013 http://www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။အဲ့အတွက် Zawgyi ကိုပဲအမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အခု ကျနော်ပြောမယ့် နည်းလမ်းက Zawgyi ကော် Unicode ကော်ကို Font Setting မပြောင်းပဲ နဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့ Firefox Latest Version Download ( http://www.mozilla.org/en-US/firefox/new/ ) GreaseMonkey firefox addon Myanmar 3 font Download ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_.zip ) MyanmarFontTagger( GreaseMonkey addon) […]

အိုင်ယာလန်မှ မြန်မာပြည်သို့ ကီလိုမီတာ တသောင်း စက်ဘီးနင်းမည်

Friday, April 12, 2013 ကျန်းမာရေးနှင့် ပညာရေး ရန်ပုံငွေများ ရှာဖွေပေးနိုင်ရန်အတွက် အိုင်ယာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကီလိုမီတာ ၁၀,၀၀၀ ခရီးရှည် စက်ဘီးနင်းမည်ဟု ကမ္ဘာပတ် စွန့်စားလေ့ရှိသူတဦးကပြောဆိုလိုက်သည်။ ၆ လမှ ၈ လခန့်ထိ ကြာမြင့်နိုင်မည့် ထိုခရီးစဉ်ကို ဧပြီလ ၂၇ ရက်နေ့တွင် စတင်ထွက်ခွါမည်ဟု အိုင်ယာလန်နိုင်ငံ၊ Kilkenny မြို့လေးမှ Hugh Bergin က ပြောဆိုကြောင်း Kilkenny People သတင်းတရပ်တွင် ပါရှိသည်။ ရရှိလာသော ရန်ပုံငွေများကို Hugh Bergin ၏ မိတ်ဆွေ Susie Long အထိမ်းအမှတ် နာတာရှည် ဆေးကုဆောင် ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ပညာရေး ထောက်ပံ့မှုများ […]

မိုက်ခရိုဆော့ဖ်တွင်သာ အလုပ်ရခဲ့လျှင် အလုပ်အကိုင်မရှိတဲ့ လူငယ်တစ်ဦးဟာ Microsoft မှာ ရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ဖို့အတွက် လာလျှောက်ပါတယ်။ HRမန်နေဂျာက အင်တာဗျူးပြီး သူ့ရှေ့ မှာပဲ ကြမ်းပြင်သန့်ရှင်းရေးလုပ်ကြည့်ဖို့ ခိုင်းပါတယ်။ တကယ်ပဲ သန့်ရှင်းရေးလုပ်ပြတော့ သူ့ကို အလုပ်ခန့်မယ်လို့ တစ်ခါတည်း စကားဆိုလိုက်ပါတယ်။ ပြီးတော့ HR မန်နေဂျာက “ရှင့် အီးမေးလ်ပေးပါ။ အဲ့ အီးမေးလ်ဆီကို ဖြည့်ဖို့လိုအပ်တဲ့ ဖောင်တွေ ပို့လိုပါမယ်။ အဲ့မှာဖြည့်ပြီး ပြန်ပို့ပေးပါ” လို့ ဆိုပါတယ်။ ဒီတော့ လူငယ်က “ကျနော့မှာ ကွန်ပြူတာလည်း မရှိဘူး။ အီးမေးလ် လည်း မရှိဘူး” လို့ဖြေတော့ HR က ဒီလိုပြန်ဖြေပါတယ်။ “ဝမ်းနည်းပါတယ်။ ဒီခေတ်မှာ လူတစ်ယောက်ဟာ အီးမေးလ် တစ်ခုတော့ အနည်းဆုံး ရှိသင့်ပါတယ်။ အခု […]

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် လူရည်ချွန်အဖြစ် ရွေးချယ်ခံရသူတွေ စာရင်းကို ထုတ်ပြန်

Tuesday, February 26, 2013 ပညာရေးဝန်ကြီးဌာနဟာ ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တနိုင်ငံလုံးမှာရှိတဲ့ ၈ တန်း၊ ၉ တန်းနဲ့ တက္ကသိုလ်ဝင်တန်းတွေထဲက လူရည်ချွန်အဖြစ်ရွေးချယ်ခံရသူတွေ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ လူရည်ချွန်စာရင်းထဲမှာ အတန်းတခုအတွက် တနိုင်ငံလုံးက ကျောင်းသား ၁၇၀ ရွေးချယ်ထားပြီး အတန်း ၃ တန်း စုစုပေါင်း ကျောင်းသားကျောင်းသူ အယောက် ၅၁၀ ရွေးချယ်ထားကြောင်း ဖော်ပြထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသူကျောင်းသားတွေထဲက ကျောင်းစာတင်မက ဘက်စုံထူးချွန်တဲ့ လူရည်ချွန်ရွေးချယ်မှုတွေကို အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၈၈ မတိုင်ခင် အထိ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်း န၀တ၊ နအဖ စစ်အစိုးရ လက်ထက် တလျှောက်လုံး ရွေးချယ်နိုင်ခြင်း မရှိဘဲ ဦးသိန်းစိန် […]

မူးယစ်ဆေးဝါးကြောင့် ငယ်ရွယ်လှပတဲ့ မိန်းကလေးတဦးရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်

Tuesday, February 05, 2013 တက္ကဆက်ပြည်နယ် Cypress မြို့က ၁၇ နှစ်အရွယ် မိန်းကလေး Emily Bauer ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဓာတ်ဆီဆိုင်တခုကနေ ၀ယ်ယူခဲ့တဲ့ ဓာတုဆေးခြောက် (ဆေးခြောက်အတု) ကို သူငယ်ချင်းတွေနဲ့ ရှုရှိုက်ခဲ့ရာမှ သွေးတိုးဖြစ်ကာ ဦးနှောက်ထိခိုက်၊ အကြောတချို့သေသွားပြီး ယခုအခါ မျက်လုံးလည်း မမြင်နိုင်တော့ကြောင်း သိရပါတယ်။ ဓာတုဆေးခြောက်ဟာ Spice သို့မဟုတ် K2 လို့လည်း ခေါ်ကြပြီး အရွက်ခြောက်ပေါင်းစုံပါဝင်ပြီး ဓာတုဆေးရည်များနဲ့ ရောစပ်ထားတာ ဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်တွေမှာ အနှံ့အသက်မွှေးစေတဲ့ potpourri အထုတ်လေးတွေအဖြစ် ရောင်းချကြပါတယ်။ အမေရိကန်ရဲ့ ပြည်နယ်များစွာ မှာ တားမြစ်ထားကြပြီး ထုတ်လုပ်သူတွေက ပါဝင်တဲ့ပစ္စည်းတချို့ကို အစားထိုး ထည့်သုံးကြပြီး ဈေးကွက်မှာ ပြန်လည်ရောင်းနေခဲ့ပါတယ်။ Emily […]

၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ – ၂၈ မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များကဲ့သို့ အများဆုံးဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၃၁၈ မှုဖြစ်ပွားခဲ့ရာတွင် လူသတ်မှု ၁၃၂၃၊ မုဒိမ်းမှု ၆၅၄ ရှိပြီး၊ ကျန်အမှုကြီးများထက် ထိုနှစ်မျိုးက လွန်စွာများပြားခဲ့သည်။ တစ်နိုင်ငံလုံး အမှုကြီး ၁၀ မျိုးဖြစ်ပွားမှုတွင် ၂၀၁၁ ခုနှစ်၌ ၂၂၉၀ မှုရှိ၍ ၂၀၁၂ က ၂၈ မှုပိုများခဲ့သည်။ စုစုပေါင်းမှုခင်းဖြစ်ပွားမှုများမှာ နှစ်အလိုက် တိုးလာသည်ကိုလည်း စာရင်းဇယားများအရ သိရှိရသည်။ အမှုကြီး ၁၀ မျိုးတွင် မပါသော ခိုးမှုများမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။ […]