ပညာရေး

မြန်မာနိုင်ငံ၏ အခြေခံပညာရေးကဏ္ဍတွင် ဘက်ဂျက်ပိုမိုသုံးစွဲရန် လွှတ်တော်က အတည်ပြုဆုံးဖြတ်

Tuesday, 26 February 2013 မြန်မာနိုင်ငံ၏ အခြေခံပညာရေးကဏ္ဍတွင် ဘက်ဂျက် ပိုမိုသုံးစွဲသွားရန် ပထမအကြိမ် ပြည်သူ့လွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၇ ရက်နေ့မြောက် အစီအစဉ်တွင် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွဋ်၏ ဥပဓိရုပ်မကောင်းသော ကျောင်းများပြုပြင် ရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အဆင့်မြှင့်တင်ရေး၊ အဆိုပါကျောင်းများမှာ သတ်မှတ် အရည် အချင်းနှင့် ကိုက်ညီသည့်ဆရာ၊ ဆရာမများကို အစိုးရခန့်ဆရာ၊ ဆရာမများအဖြစ် ထားရှိပေး ရေး အရေးကြီးအဆိုကို တင်သွင်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေးက သဘောတူခဲ့သည်။ “သွားလာရေးခက်ခဲတဲ့ ဒေသတွေက မိဘပြည်သူတွေဟာ သားသမီးတွေ ပညာတတ်မြောက်ဖို့အ တွက် ကျောင်းအဆောက်အဦတွေဆောက်လုပ်ပေးတာ၊ သင်ကြားဖို့ဆရာ၊ ဆရာမတွေကို ငှားရမ်းပြီး သင်ကြားနေရတာကို တွေ့ရတယ်။ တချို့ဆိုရင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ မယ်သီ လရှင်ကျောင်းတွေမှာ […]

ကောင်းနိုးရာရာ အင်ဂျင်နီယာ စာအုပ်များ

ဒီနေရာမှာ ရှာလို့ရသမျှ ကောင်းနိုးရာရာ အင်ဂျင်နီရာစာအုပ်တွေကို သူငယ်ချင်းတွေနဲ့အတူတူ မျှဝေချင်ပါတယ်… သူငယ်ချင်းတွေမှာ ရှိတဲ့စာအုပ်တွေကိုလည်း မျှဝေပေးကြမယ်လို့ မျှော်လင့်ပါတယ်… တခါတလေ ကိုယ်က အကြောင်းအရာ တခုခုကို သိချင်နေပီး.. ဖတ်စရာစာအုပ်ကို ဘယ်မှာ ရှာရမှန်းမသိ ဖြစ်နေ လို့ပါ… Download လုပ်၍ မရသည့်တိုင် Links လေးတွေပေးနိုင်မယ် ဆိုရင်တောင် တော်တော် အကျိုးရှိမယ်ထင် ပါတယ်… သွားပီး ဖတ်လို့ရနိုင်တာပေါ့… အားလုံးပဲ စာအုပ်ထဲမှ ရတနာများကို ရှာဖွေ ခံစားနိုင်ကြပါစေ… 🙂 http://www.myanmarengineer.org/ – မြန်မာအင်ဂျင်နီယာအသင်း website ပါ http://www.books-hive.com/library/login – စာအုပ်ပေါင်း ၁၄၀၀ ကျော်ကို အခမဲ့ Download လုပ်လို့ရအောင် ပြုလုပ်ထားတဲ့ ဗမာပညာရှင်တစ်ယောက်ရဲ့ ဆိုဒ်ပါ.. တော်တော်ကြီးကို ကောင်းပါတယ် […]

နွားနို့သောက်သုံးမှုများသော နိုင်ငံများနိုဘယ်လ်ဆုရှင် ထွက်ရှိနှုန်းပိုများဟုစစ်တမ်းကေ ဖ်ာပြ

ကမ္ဘာ့နိုင်ငံများ နွားနို့ သောက် သုံးမှု အနည်းအများနှင့် နိုဘယ်လ် ဆုရှင် ထွက်ရှိမှု အနည်းအများသည် တိုက်ရိုက် ဆက်စပ်မှုရှိကြောင်း ဗြိတိန်နိုင်ငံက ပြုလုပ်ထားသောစစ်တမ်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ နွားနို့သောက်သုံးမှု များလေထိုနိုင်ငံများမှ နိုဘယ်လ်ဆုရှင် ထွက်ရှိမှု များလေဖြစ်ကြောင်းစစ် တမ်းကထောက်ပြသွားသည်။ ကမ္ဘာ့နိုင်ငံ ၂၂ နိုင်ငံ၏ နိုင်ငံသားများ နွားနို့သောက်သုံးမှုနှုန်းနှင့် နိုဘယ်လ်ဆုရှင် ပေါ်ထွက်နှုန်းများကို နှိုင်းယှဉ်လေ့လာ ပြီးထိုစစ်တမ်းကို ပြုစုထားခြင်း ဖြစ်သည်။ နိုင်ငံများ၏ လူဦးရေစုစုပေါင်းအနက် လူဆယ်သန်း လျှင် နိုဘယ်လ်ဆုရှင် ဦးရေမည်မျှ ပါဝင်သည်ကိုအချိုးချ တွက်ချက်ခြင်း ဖြစ်သည်။ ထိုအခါ ဆွီဒင်သည် လူဆယ်သန်းလျှင် နိုဘယ်လ်ဆုရှင် ထွက်ရှိမှုအများဆုံး နိုင်ငံအဖြစ် စံချိန်တင်ကြောင်းသိရသည်။စစ်တမ်းအရဆွီဒင်နိုင်ငံသည် ကမ္ဘာ့ပေါ်တွင် နွားနို့နှင့် နို့ထွက် ပစ္စည်းများကိုအများဆုံးစားသုံးသောနိုင်ငံဖြစ်ကြောင်း လည်းတွေ့ရ သည်။ ဆွီဒင်နိုင်ငံသားတစ်ဦးလျှင် […]

Facebook အသုံးပြုခြင်းဖြင့် အထီးကျန်ဝေဒနာသက်သာနိုင်

ကမ္ဘာကျော်လူမှုကွန်ယက်တစ်ခုဖြစ်သည့် Facebook တွင် status တင်ခြင်းသည် မိတ်ဆွေများ၏ “ကြိုက်နှစ်သက်ခြင်း (Like)” လုပ်ခံရသည် ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကောလိပ်ကျောင်းသားများအား အထီးကျန်ခံစားရမှု ကျဆင်းစေ ကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။ ယခင်သုတေသနများတွင် Facebook အသုံးပြုခြင်းကို စိတ်ပူပန်ခြင်း၊ ကြွေးမြီထူပြောခြင်းနှင့် ကိုယ် အလေးချိန်တိုးခြင်း စသည်အထိ ဖြစ် စေနိုင်ကြောင်း လေ့လာထားခဲ့ကြသည်။ Facebook သည် စိတ်ကျ ရောဂါဖြစ်စေသည့် အကြောင်းရင်း ဟုတ်မဟုတ်ကိုလည်း ငြင်းခုန်ကြ ဆဲဖြစ်သည်။ သို့သော် Facebook အသုံးပြုသူတိုင်းလိုလိုက Facebook သည်စွဲလန်းစေသည်ဆိုသည့် အချက် ကို လက်ခံထားကြသည်။ ယခုသုတေသနတွင် Facebook ပေါ်သို့ စာတင်ခြင်းသည် အထီးကျန် ခံစားရခြင်းကို သက်သာစေခြင်းရှိမရှိ အဓိကလေ့လာခဲ့ကြသည်။ ဂျာမဏီ နိုင်ငံ ဘာလင်တက္ကသိုလ်နှင့် […]

Practical Service Engineering သင်တန်းဖွင့်မည်

ရန်ကုန် ၊ ၂၁-၁-၂၀၁၃ http://myawady-myawady.blogspot.com/2013/01/practical-service-engineering.html IT ပညာရပ်ဖြင့် အသက်မွေး ၀မ်းကျောင်း ပြုလိုသူများ အတွက် Practical Service Engineering သင်တန်းကို IMCS ( Info Myanmar Computer Studies ) တွင် ဇန်န၀ါရီ ၂၅ ရက်နေ့၌ ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် လက်တွေ့ လုပ်ငန်းခွင်သို့ ၀င်ရောက်နိုင် စေရန် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး အောင်မြင်ပါက MCTS လက်မှတ် ချီးမြှင့် သွားမည် ဖြစ်သည်။ သင်တန်းကာလမှာ ၃ လကြာမြင့်မည် ဖြစ်ပြီး Course Unit များ ကျွမ်းကျင်မှု ရှိ- မရှိကို […]