နည်းပညာ

ဖုန်းမတ်ဆေ့ခ်ျပို့ရန် ဘောပင်ဖြင့် ရေးနိုင်မည့် SMS pen

    Thursday, 18 April 2013 ကိုယ်က ဘောပင်မို့လို့ စာရွက်ပေါ်မှာ ချရေးတယ်။ ယင်းစာက ဖုန်း Message အဖြစ် တစ်ဖက်ကို ရောက်သွားစေမယ်လို့ ဘယ်သူက စဉ်းစားမိခဲ့ဖူးပါသလဲ။ ယခု ယင်းအိုင်ဒီယာကို လက်တွေ့အကောင်အထည် ဖော်သူ တွေ ပေါ် လာတော့ D.Scribe ဒစ်ဂျစ်တယ် ဖောင်တိန် ဆိုတာလေး ပေါ်လာ ပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ Bluetooth နဲ့ ချိတ်ပြီး စာရွက်မှာ ကိုယ် ချရေးသလို စာရေး စေပြီး အလိုအလျောက် ပို့ပေးစေပါတယ်။ ဒီတော့ Keypad သို့်မဟုတ် keyboard တို့ကို အသုံးပြုနေစရာ မလိုတော့ ပါဘူ့း။ စာ ရေးရတာ ပိုဝါ သနာ […]

ပါကစ္စတန် နိုင်ငံ အနေဖြင့် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အား ဧပြီလ ၉ ရက်နေ့က အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

ပါကစ္စတန် နိုင်ငံ အနေဖြင့် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အား ဧပြီလ ၉ ရက်နေ့က အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်က ပြောကြားခဲ့ပါသည်။ အဆိုပါ ဒုံးကျည်သည် နျူကလီးယားနှင့် သမားရိုးကျ ထိပ်ဖူးအား ကီလိုမီတာ ၉ဝဝ အကွာအဝေးထိ သယ်ဆောင် နိုင်စွမ်းရှိကြောင်း စစ်ဘက် ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် Hatf IV Shaheen-I လက်နက်စနစ်အား ယနေ့တွင် အောင်မြင်စွာ ပစ်လွှတ်နိုင် ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းဒုံးကျည်အား စမ်းသပ် ပစ်ခတ်ရာတွင် မဟာဗျူဟာ စီမံကိန်းဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Khalld […]

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်

၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။ ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။ Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း […]

ios 6 ~ 6.1 Untethered Jailbroken Device တွင်မြန်မာစာ Zawgyi Font 4.3 နှင့် MM Keyboard For ios 6 ထည့်နည်း

Post ရေးသားသူ – မပိုးညို (MMAS) ios 6 ~ 6.1 Untethered Jailbroken Device တွင်မြန်မာစာ Zawgyi Font 4.3 နှင့် MM Keyboard For ios 6 ထည့်နည်း Tutorial Step(1) Cydia ထဲဝင်ပါ။ Step(2) Loading ငြိမ်သွားတဲ့အထိစောင့်ပြီးမှ Manage>>Sourcesထဲဝင်ပါ။ Step(3) ပုံပါအတိုင်း Source တွေတွေ့ရပါလိမ့်မယ်။ Step(4) မြန်မာစာအတွက် http://cydia.macforus.com/ ဆိုတဲ့ Source လေး Add ရန် Edit>>Add နှိပ်ပြီး ကျလာတဲ့Box လေးမှာ အထက်ပါ source လေး ရေး ပြီး Add Source လုပ်ပေးလိုက်ပါ။ […]

နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်ကိုအမေရိကန်၊ မလေးရှားနှင့် ရုရှ အိုင်ပီ လိပ်စာများမှ တစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် တိုက်ခိုက်

နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်ကို ယနေ့ (ဖေဖော်ဝါရီလ ၅ရက်နေ့) နံနက်ပိုင်းမှ စတင်၍ အမေရိကန်၊ မလေးရှားနှင့် ရုရှ အိုင်ပီ လိပ်စာများမှ တစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် တိုက်ခိုက်နေကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက ၄င်း၏ Facebook စာမျက်နှာမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။ တိုက်ခိုက်မှုကို နံနက် ၉ နာရီ ၃၀ အချိန်မှ ၁၀ နာရီအတွင်း၌ လည်းကောင်း၊ နံနက် ၁၁ နာရီအချိန်တွင် လည်းကောင်း၊ နံနက် ၁၁ နာရီ ၅၃ မိနစ်တွင် IP-74.220.202.199 မှ DDoS Request သိန်းနှင့်ချီ ပေးပို့၍ လည်းကောင်း တိုက်ခိုက်နေကြောင်း ဦးဇော်ဋ္ဌေးက […]

အီရန်မှ ပြည်တွင်းဖြစ် ကိုယ်ပျောက် လေယာဉ်သစ် ထုတ်ဖော်ပြသ

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၃ M-Media အီရန်နိုင်ငံက ပြည်တွင်းဖြစ် စစ်ဘက်သုံးလေယာဉ်သစ်ကို ထုတ်ဖော်ပြသလိုက်ပြီး အဆိုပါလေယာဉ် မှာ ရေဒါကို ရှောင်ကွင်းနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ လူတစ်ယောက် သာ မောင်းနှင်နိုင်ပြီး Qaher F313 (Dominant F313) ဟု ခေါ်သည့် ထိုလေယာဉ်မှာ ၂၀၀၇ ခုနှစ်ကတည်းက အီရန်စစ်တပ်မှ ထုတ်လုပ်ခဲ့သည့် Azarakhsh (Lightning) ဂျက်လေယာဉ်နောက်ပိုင်း အသစ်လွင်ဆုံး ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အီရန်သမ္မတ Mahmoud Ahmedinejad ကမူ ကမ္ဘာ့ခေတ်အမီဆုံး ဂျက်လေယာဉ်များ၏ ကောင်းမွန်သည့် အသွင်သဏ္ဍာန် အားလုံးနီးပါး ပါဝင်သည်ဟုပြောကြားခဲ့ပြီး အီရန်တပ်မတော်၏ စစ်အင်အားဖွံ့ဖြိုး တိုးတက်မှုမှာ ကျူးကျော်မှုကို ဟန့်တားရေးနှင့် ကာကွယ်ရေးအတွက်သာ ဖြစ်သည်ဟု ဆိုသည်။ စနေနေ့က ကျင်းပခဲ့သည့် […]

အီရန်မှ အာကာသသို့ လွှတ်တင်သည့် မျောက်ပါဝင်သော ဒုံးပျံမြေပြင်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိ

ဇန်နဝါရီ ၂၈ ၊၂၀၁၃ M-Media အီရန် အစ္စလာမ့်မစ် သမ္မတနိုင်ငံသည် မျောက်သတ္တ၀ါ ပါဝင်သည့် ယာဉ်ငယ်ကို အာကာသထဲသို့ လွှတ်တင်ခဲ့ ကာဘေးအန္တရာယ် ကင်းစွာ ကမ္ဘာမြေပြင်သို့ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုယာဉ်ငယ်ကို Kavoshgar Pishgam (Pioneer Discoverer) အမည်ရှိသည့် ဒုံးပျံဖြင့် တနင်္လာနေ့က လွှတ်တင်ခဲ့ပြီး အမြင့်ပေ ၁၂၀ ကီလိုမီတာ အထိ ရောက်ရှိခဲ့သည်။ “ဒီပရောဂျက်မှာ ကျနော်တို့ဟာ သက်ရှိသတ္တ၀ါဖြစ်တဲ့ မျောက်ကို အာကသထဲ လွှတ်ပါတယ်။ ဒီသတ္တ၀ါရဲ့ ဇီဝဖြစ်စဉ်ဟာ လူတဲ့ တော်တော်လေး တူပါတယ်။ ကျနော်တို့ ယာဉ်ငယ်ရဲ့အခြေအနေနဲ့ သက်ရှိထောက်ပံ့မှုစနစ်ကို စမ်းသပ်ဖို့ မျောက်ကိုအသုံးပြုတာပါ။ (မျောက်ထည့်ထားတဲ့) အခန်းကို အလုံပိတ်ထားတယ်။အောက်ဆီဂျင် ထုတ်လွှတ်ပေးပြီး ကာဗွန်ဒိုင်အောင်ဆိုဒ် စုပ်ယူတဲ့ ကိရိယာကို တပ်ဆင်ထားတယ်။ အရေးကြီးတဲ့ […]