ကျန်းမာရေး

ဘေဂျင်းမြို့တော်မှာ ကြက်တုပ်ကွေးတွေ့ရှိ

Saturday, April 13, 2013 နောက်ဆုံး ပေါ်ပေါက်လာတဲ့ ကြက်ငှက်တုတ်ကွေး ရောဂါ ဖြစ်ပွားမှု တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ တွေ့ရကြောင်းနဲ့ ဒီဖြစ်ပွားမှုဟာ ခုချိန်ထိ တခုတည်းသော သတင်းပို့တဲ့ ရောဂါဖြစ်ပွားမှုလည်း ဖြစ်တယ်လို့ဆိုပါတယ်။ နောက်ဆုံးပေါ် ကြက်ငှက်တုပ်ကွေး ရောဂါပိုး H7N9 ကို အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် မှာ တွေ့ရပြီး ဘေဂျင်းဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ တာဝန်ရှိ သူတွေ ကပြောဆိုပါတယ်။ အရင်လပိုင်းက ပထမဆုံးအကြိမ် လူမှာ ကူးစက်မှုဖြစ်ပွားတဲ့ ကြက်ငှက်တုပ်ကွေးပိုးကို တွေ့ရပြီးတဲ့နောက် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ မှာ လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ကြက်ငှက်ကနေလူကို ကူးစက်တယ်လို့ယူဆရတာကြောင့် မွေးမြူရေးလုပ်ငန်းတွေက ကြက်ငှက် ကောင်ရေ အများအပြားကို သုတ်သင်ရှင်းလင်းခဲ့ရပြီး ကြက်သားရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းကို ကန့်သတ်ထိန်းချုပ် […]

ပဒိုင်း ( Datura stramoniumLinn) ပဒိုင်းဆိုတာနဲ့  ရှုးတာကိုဘဲ မသိကြပါနဲ့  အစွမ်းတွေကိုသိစေချင်လို့ ပါ

မြန်မာ ဆေးကျမ်း များ အလိုအရ ပဒိုင်းညို သည် ခါး၏။ သက်၏။ စူးရှ၏။ ပူ၏။ အားကို တိုးစေ၏။ မူးယစ်စေ တတ်၏။ အဖျား ရောဂါ ကို ပယ်၏။ နူနာ၊ ပိုးနာ တို့ကို နိုင်၏။ သန်ကို ကျစေ၏။ ကိုယ်ရေ ပြားရောဂါ၊ မြင်းသရိုက်နာ၊ အဆုတ်ပွ ရောင်နာတို့ကို ပယ်၏။ လေကို အထူး ပယ်နိုင်၏။ အသုံးပြုပုံ – အရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ် ပြီး နွားနို့နှင့် သောက်ပါက ညောင်းကျ ရောဂါ ပျောက်၏။ မိန်းမများ နို့တွင် ဖြစ်သော အပူကြိတ် နှင့် ရောင်ရမ်းခြင်း တို့အတွက် ပဒိုင်းရွက် နှင့် […]

ဉာဏ်ကောင်းပြီး ထက်မြက်စေမည့် ထိပ်တန်းနည်းများ

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၁၃ဘဝတစ်လျှောက်လုံး မှတ်ဉာဏ်ကောင်းပြီး ထက်မြက်ချင်ပါသလား။ အောက်ပါ အပြုအမှုတွေဟာ အသက်ကြီးပြီး ဉာဏ်ကောင်းနေသူတွေကို အဘက်ဘက်ကနေ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ၁။ အသစ်အဆန်းများကို လေ့လာပါ … ဘဝတစ်လျှောက်လုံး ပညာရပ်အသစ်တွေကို လေ့လာနေတာဟာ ဘဝရဲ့ နောက်ပိုင်းအချိန်တွေအထိ ဦးနှောက်ကို ထက်မြက်နေစေပါတယ်။ ဦးနှောက်ကို စိန်ခေါ်ပြီး လေ့လာတာဟာ သင်ယူနိုင်စွမ်းကို လှုံ့ဆော်ခြင်း၊ ဦးနှောက်အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကို ကောင်းမွန်စေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ၂။ ပုံမှန်အားကစားလုပ်ပါ အားကစားဟာ ကျန်းကျန်းမာမာ၊ ကျက်သရေရှိရှိ အိုမင်းနိုင်အောင် အထောက်အကူပြုပေးပါတယ်။ အားကစားကို ပုံမှန်ပြုလုပ်တာဟာ ဦးနှောက်နဲ့ အာရုံကြော ထိခိုက်ပျက်စီးတဲ့ ရောဂါဖြစ်နိုင်ချေ ကို […]

လက်ဖက်စိမ်းလက်ဖက်ရည်၏ အံ့အားသင့်ဖွယ်ရာ အစွမ်းလေးရပ်

ရေဆာနေသလား၊ လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) တစ်ခွက်လောက် သောက်ကြည့်လိုက် ပါ။ ရေငတ်ပြေစေရုံသာမက အောက်ပါအကျိုးကျေးဇူးတွေပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ၁။ ကိုယ်အလေးချိန် လျော့ကျစေခြင်း ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူ ဒါမှမဟုတ် အဝလွန်နေသူတွေ အားကစားလုပ်ရင်း တခြားကယ်လိုရီ တူ ဖျော်ရည်သောက်တာထက် လက်ဖက်စိမ်းလက်ဖက်ရည်ကို သောက်ပေးပါက ကိုယ်အလေးချိန် သုံးပေါင်၊ ဗိုက်အဆီ ခုနစ်ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း Multicentre လေ့လာမှုအသစ် တစ်ခုအရ သိရပါတယ်။ ၂။ ကင်ဆာကို ကာကွယ်နိုင်ခြင်း ပုံမှန်လက်ဖက်စိမ်း လက်ဖက်ရည် သောက်သူတွေဟာ ပုံမှန်မသောက်သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း လျော့နည်းကြောင်း တရုတ်အမျိုးသမီး ၆၉၂၈ ဦးကို လေ့လာမှုအရ သိရပါတယ်။ ၃။ လေဖြတ်နိုင်ခြေ လျော့နည်းခြင်း တစ်နေ့မှာ လက်ဖက်စိမ်းလက်ဖက်ရည် သုံးခွက်သောက်တာဟာ […]

ထမင်းစားပြီးလျှင်ရှောင်ကြဉ်ရမည့် အချက်များ

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြ သည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အ ချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။ (၁) ဆေးလိပ်မသောက်ပါနှင့်။ ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်း သည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများ ဆုံးဖြစ်ကြောင်း သိရှိရသည်။ (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။ ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့်။ လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။ (၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။ ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ်လျှော့ လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။ (၅) […]