yangonexpress

မှူးဇော် (ဦးဇော်ဌေး) မှ Facebook မှတဆင့်ရခိုင်အရေးကိုမည်သို့လှုံ့ဆော်ခဲ့သလဲ။

မှူးဇော် (ဦးဇော်ဌေး) မှ Facebook မှတဆင့်ရခိုင်အရေးကိုမည်သို့လှုံ့ဆော်ခဲ့သလဲ။.

သေဆုံးပြီ ထင်ကာ မြေမြှုပ် သဂြုင်္ိဟ်ခဲ့ တဲ့ကြောင် ကလေး ငါးရက် အကြာမှာ သခင့်ထံ ပြန်ရောက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ငါးရက်ကြာ မြေမြှုပ်သဂြုင်္ိဟ်ခဲ့ ပြီးနောက် ပြန်လည် အသက်ရှင်လာ ခဲ့တဲ့ ကြောင်လေး တစ်ကောင်ရဲ့ဖြစ်ရပ်ကို UPI သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကတော့ ဖလော် ရီဒါပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ချစ်စရာကောင်းလှ တဲ့ကြောင်လေး သေဆုံး သွားပြီထင်မှတ်ကာ မြေမြှုပ်သဂြုင်္ိဟ် ပေးခဲ့ပါတယ်။ ယင်းမြေမြှုပ်နှံသဂြုင်္ိဟ်ခဲ့တဲ့ Bart လို့ အမည်ပေးထားတဲ့ ကြောင်လေး ဟာ ငါးရက်အကြာမှာတော့ သခင့်ထံ ပြန် ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ယင်းကြောင်လေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတိုက်ခံရပြီး အသက် ရှူရပ်တန့်သွားခဲ့လို့ သေဆုံးသွားပြီထင်ကာ သခင်ဖြစ်သူ က မြေမြှုပ် သဂြုင်္ိဟ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလို အသက်ပြန်လည်ရှင် လာတဲ့ ကြောင်လေးကို သခင်ဖြစ်သူက အတော်လေးအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ […]

ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ

ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ

Mon, 2015-01-19 06:47 အမြန်လမ်းတွင် ဇန်န၀ါရီ ၁၈ ရက် ည လင်းအားကြီးအချိန်တွင် မြူနှင်းများ ထူထပ်စွာကျဆင်းနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး) ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်း ညအချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန် သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌    မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။ ‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်းမှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရတယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီး သည်တင်ယာဉ်မောင်း ကိုသက် […]

မြောက်ဦးမြို့မှ ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်သော အမှုကို ပြောင်းပြန် လုပ်၍ ရွာသားများကို ဖမ်းရန် ကြိုးစားနေ

RB News 9.6.2013 မြောက်ဦး ။ ။ ရခိုင် ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပရိန် ကျေးရွာ အုပ်စုတွင် ဇွန်လ (၄) ရက်နေ့က ရဲတပ်ဖွဲ့ဝင် များ၏ ပစ်ခတ် မှုကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦး သေဆုံး ခဲ့ရပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ပါသည်။ ထိုသို့ အာဏာပိုင် များဖြစ်သော ရဲတပ်ဖွဲ့ ၀င်များမှ သေနတ် ပစ်ခတ်၍ လူသေဆုံး သွားသည် အထိ ကျူးလွန် ခဲ့သည်ကို အမှု ပြောင်းပြန် တည်ဆောက် လို၍ ၎င်းပစ်ခတ် မှုကို ဒေသခံ […]

စက်မှုဇုန်များ၌ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေဟု ဆိုသော်လည်း အပြည့်အ၀ မရရှိ

Monday, June 10, 2013 ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေသည် ဆိုသော်လည်း အဆိုပါ အချိန်ပိုင်း မီးပေးနေသည့် ကာလအတွင်း၌ပင် အပြည့်အ၀ မရရှိကြောင်း စက်မှုဇုန်များရှိ လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်မီး ပေးခြင်းအား ယခုနှစ် မတ်လအတွင်းမှ စတင်ကာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး မေလကုန်အထိ လုံးဝရပ်ဆိုင်း ထားခဲ့ကြောင်း၊ ဇွန် ၁ ရက်မှ စတင်ကာ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅ နာရီဖြင့် အလှည့်ကျ စနစ်ဖြင့် ပြန်လည်မီးပေး ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ “ကျွန်တော်တို့ စက်မှုဇုန်တွေကို မတ်လကနေ မေလကုန်အထိ မီးလုံးဝမပေးဘူး။ အခုဇွန် ၁ ရက်ကစပြီး […]