
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ငါးရက်ကြာ မြေမြှုပ်သဂြုင်္ိဟ်ခဲ့ ပြီးနောက် ပြန်လည် အသက်ရှင်လာ ခဲ့တဲ့ ကြောင်လေး တစ်ကောင်ရဲ့ဖြစ်ရပ်ကို UPI သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်ကတော့ ဖလော် ရီဒါပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ချစ်စရာကောင်းလှ တဲ့ကြောင်လေး သေဆုံး သွားပြီထင်မှတ်ကာ မြေမြှုပ်သဂြုင်္ိဟ် ပေးခဲ့ပါတယ်။ ယင်းမြေမြှုပ်နှံသဂြုင်္ိဟ်ခဲ့တဲ့ Bart လို့ အမည်ပေးထားတဲ့ ကြောင်လေး ဟာ ငါးရက်အကြာမှာတော့ သခင့်ထံ ပြန် ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ယင်းကြောင်လေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတိုက်ခံရပြီး အသက် ရှူရပ်တန့်သွားခဲ့လို့ သေဆုံးသွားပြီထင်ကာ သခင်ဖြစ်သူ က မြေမြှုပ် သဂြုင်္ိဟ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ယခုလို အသက်ပြန်လည်ရှင် လာတဲ့ ကြောင်လေးကို သခင်ဖြစ်သူက အတော်လေးအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။
ကားတိုက်ခံထားရတဲ့အတွက် မေးစေ့နဲ့မျက်လုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တဲ့ ကြောင်လေးကို သားရဲတိရစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့က ခွဲစိတ်ကုသ မှုပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
|───────────Yangon Media Group ──────────|