Leave a comment

ငြိမ်းချမ်းရေး အဖြေရှာရန် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် သမ္မတနှင့် ယနေ့တွေ့မည်

Monday, June 10, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းနေသော သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ ငြိမ်းချမ်းရေး အဖြေရှာရန် နေပြည်တော်၌ ယနေ့ (ဇွန်လ ၁၀ ရက်) တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ၏ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

SSA ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် နှင့် သမ္မတဦးသိန်းစိန်တို့ ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်တွင် တွေ့ဆုံမည် ဖြစ်ပြီး RCSS/SSA အဖွဲ့မှ ကိုယ်စားလှယ် ၂၄ ဦး ပါဝင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် ၎င်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ မည်သို့ ကူညီ ဆောင်ရွက် နိုင်မည်ကို ဆွေးနွေး ကမ်းလှမ်းမည် ဖြစ်ကြောင်း RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဦးခွန်ဆိုင်းက ပြောကြားသည်။

“သမ္မတကို ဘာကူညီရမလဲ လာမေးတာပါ။ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ လူတိုင်းအခက်ခဲတွေ ရှိတယ်။ အဲ့ဒီအတွက် ကူညီနိုင်တာရှိရင် ကူညီသွားမယ်”ဟု ဦးခွန်ဆိုင်းက ဆိုသည်။

သမ္မတနှင့် တွေ့ဆုံစဉ် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးမည် ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အတွက်မူ သမ္မတ၏ ခွင့်ပြုချက်ပေါ်တွင် အဓိက မူတည်ကြောင်း သမ္မတက ခွင့်ပြုမည် ဆိုပါက တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ်အတွင်း ကရင်အမျိုးသား အစည်းအရုံး KNU နှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး RCSS/SSA သည် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့် ဒုတိယမြောက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ၂၀၁၃ ခုနှစ် ဇွန်လအတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနှင့် အပစ်ခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်နှင့် ဇူလိုင်လအတွင်း တိုင်းရင်းသားလုံး ပါဝင်သည့်ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိကြောင်း ကြေညာထားသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့်နောက် တစ်နှစ်ကျော် ကာလအတွင်း တပ်မတော်နှင့် SSA တို့အကြား တိုက်ပွဲ ပေါင်း ၇၀ ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတိုင်းတွင် တပ်မတော်က အပစ်အခတ် ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာခြင်း မရှိကြောင်း RCSS/SSA မှ ထုတ်ပြန်ထားသည်။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: