Leave a comment

လိမ္မော်သီးထက် ပိုမို ချိုမြိန်ပြီး ရှောက်ခွံ၏ အနံ့ထက် သာလွန် မွှေးပျံ့သော MEYER ရှောက်သီး

ဒေသထွက် ရိုးရိုး ရှောက်သီး တစ်လုံး၏ သွင်ပြင် လက္ခဏာ မျိုးပင်ရှိသည့် သစ်သီး အသစ်အဆန်း တစ်မျိုးသည် တရုတ် နိုင်ငံတွင် ထပ်မံ ပေါ်ထွက် လာ ပြီ ဖြစ်သည်။ ၎င်းအသီး၏ အရောင်အသွေးမှာ လိမ္မော်သီး ကဲ့သို့ပင် ဖြစ်သော်လည်း အရသာမှာ ပိုမိုချိုမြိန် နှစ်သက်ဖွယ် ဖြစ်သည်။ ၎င်းသစ်သီးအား ရှောက် သီးနှင့် လိမ္မော်သီးတို့ အကြား သဘာဝအားဖြင့် မျိုးစပ်ထားခြင်း ဖြစ်ပြီး Meyer ရှောက် သီး (Meyer Lemon) ဟု အမည် ပေးထားသည်။ အဆို ပါ သစ်သီး တွင် ပုံမှန်အားဖြင့် ခါးသက်သော အနံ့ အရသာမျိုး မပါရှိပေ။ ပထမ ဦးဆုံး စိုက်ပျိုး ထုတ်လုပ်ထားသည့် Meyer ရှောက်ချိုသီးကို နိုင်ငံတွင်း၌ စီး ပွားဖြစ် ရောင်းချလျက် ရှိပြီး ၎င်း သစ်သီးအား လိမ္မော်သီး ကဲ့သို့ပင် အမြောက်အမြား စားသုံးနိုင်သည်။

သို့သော် ၎င်းအသီးအား အခွံရော အူတိုင်ပါ ပါးလွှာသော အစိတ်ကလေးများ စိတ်၍ စားသုံးလျှင် အကောင်းဆုံး ဖြစ်သည်။ အဆိုပါ သစ်သီးသည် တရုတ်နို င်ငံ ဒေသထွက် ဖြစ်ပြီး အမေရိကန် စိုက်ပျိုးရေး ဌာနမှ အလုပ်သမား တစ်ဦးဖြစ်သူ ဖရန့်ပေရာ ဆိုသူက ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ အသီး၏ အပြင်ခွံသည် ပါးလွှာ၍ မွှေးပျံ့သော ရနံ့ရှိသည်။ အတွင်းသားမှာမူ အဝါရင့်ရောင် ဖြစ်ပြီး အစေ့မှာ ၁ဝ စေ့ခန့် ပါဝင်သည်။

ပါးလွှာသော အပြင်ခွံ ရှိခြင်းကြောင့် သယ်ယူ ပို့ဆောင်ရန် ခက်ခဲသည့် အတွက် ထုပ်ပိုး၍ ပြည်ပသို့ တင်ပို့ ရောင်းချသည်။ Meyer ရှောက်ချိုသီးပင်သည် အလွန် အကြမ်းခံသော အပင်ဖြစ်ပြီး ဗြိတိန် နိုင်ငံ၌လည်း စိုက် ပျိုးနိုင်သည်။ Meyer ရှောက်ချိုသီးကို ၁၉ဝ၈ ခုနှစ်တွင် အမေရိကန်သို့ တင်သွင်းခဲ့ရာ ၎င်း သစ်သီးသည် ကိတ်မုန့်များ၊ ကော့တေးများတွင် ထည့်သွင်း အသုံးပြုသော ပါဝင် ပစ္စည်းတစ်မျိုး အဖြစ် ရေပန်းစားလာ ခဲ့သည်။ ယခုအခါ ကယ်လီဖိုးနီး ယား ပြည်နယ်တွင် စိုက်ပျိုးလျက် ရှိပြီး ဗြိတိန်သို့ပင် တင်ပို့နိုင်နေပြီ ဖြစ်သည်။ ထို့ပြင် ယခု သီတင်းပတ် ကုန်မှစ၍ Tesco ကုန်တိုက်တွင် ရောင်းချသွား မည် ဖြစ်သည်။ အဆိုပါ အနံ့အရသာ ထူးကဲသော သစ်သီးသည် ရှောက်သီးတစ်လုံး ကဲ့သို့ ဟင်းခတ် အသုံးပြုနိုင်သော အခွံများ ပါဝင်ပြီး ချဉ်စူးသော လိေ မ္မ်ာသီး အရသာမျိုး ရှိရမည့်အစား ချိုမြိန်သော အရသာမျိုး ပါရှိသည့် အတွက် စားဖိုမှူး များ၏ အိပ်မက်ကို အကောင်အထည် ဖော်မည့် အသီးတစ်မျိုးပင် ဖြစ်သည်ဟု Tesco မှ ရှောက်သံပရာ အနွယ်ဝင် သစ်သီးများ ဝယ်ယူသူ တင်မ်ဘတ်တေးက ပြောကြား ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/4305-2013-01-14-09-12-55

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: