Archive | January 13, 2013

You are browsing the site archives by date.

ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်တဲ့ ရခိုင်မျိုးနွယ် စုဝင်တစ်ချို့ မြန်မာပြည်ဖက် ပြောင်းရွှေ့

ရခိုင်ပြည်နယ် တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရခိုင်မျိုးနွယ်စုဝင် အိမ်ထောင်စု ၄၅စုဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ကူးလာပြီး အဲဒီမှာအခြေချနေထိုင်ခွင့်ရရှိဖို့ ပြည်ထောင်စုအစိုးရကို ခွင့်ပြုချက်တောင်းခံထားကြောင်း သိရပါတယ်။ အခုလိုခိုလှုံခွင့်တောင်းထားတာနဲ့ ပတ်သက်ပြီး မောင်တောမြို့အခြေစိုက် နယ်စပ်ဒေသလူဝင်မှုစစ်ဆေး ကွပ်ကဲရေးဌာနချုပ် ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ ခိုလှုံခွင့်တောင်းတာ ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရွှေ့ပြောင်းလာကြတဲ့ အဲဒီမိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ နဲ့ ကော့ဘဇား ခရိုင်အတွင်းမှာ အခြေချနေထိုင်တဲ့ ရခိုင်လူမျိုးတွေနဲ့ မာရမာကြီးလူမျိုးတွေဖြစ်ပါတယ်။ ရခိုင်ပြည် နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ဆက်နွယ်ပြီးသူတို့နေထိုင်တဲ့စစ်တကောင်းနဲ့  ကော့ဆက် ဘဇားခရိုင်အတွင်းမှာ မူဆလင်အစွန်းရောက် အကြမ်းဖက်သမားအချို့ရဲ့ ရန်ပြုမှုအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ၂လလောက်ကစတင်ပြီး တဖြည်းဖြည်းနဲ့ ထွက်ပြေးတိမ်းရှောင်လာကြသူတွေလို့ သိရပါတယ်။ တစ်ဘက်ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကို […]

ပာာဂျီညီညီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တရားရေးကို ဆန္ဒဖေါ်ထုတ်

ရန်ကုန် ဇန်န၀ါရီ ၈ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊တရားဥပဒေစိုးမိုးရေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊အကျင့်ပျက် အဂတိလိုက်စားမှု အမြန်ဆုံး အရေးယူတိုက်ဖျက် ပေးရေးတို့အတွက် ဆန္ဒထုတ်ဖေါ်မှုတစ်ရပ်ကို ကိုညီညီက ယခုလ ၇ ရက်နေ့ညနေ ၄ နာရီ ၄၀ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ “ပြည်သူတွေကို တကယ်လိုအပ်တဲ့ မက်ဆေ့ခ်ျ ပေးချင်တယ်ဗျာ။မက်ဆေ့ခ်ျပေးချင်တဲ့ အတွက် မြို့လယ်ကောင်ဖြစ်တဲ့ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ဆန္ဒကိုထုတ်ဖေါ်တာပါ “လို့ ကိုညီညီကပြောပါတယ်။ ဒီမိုကရေစီ နိင်ငံတော်တည်ဆောက်ဖို့အတွက် အပာန့် အတားတွေပာာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရှိတယ်လို့ သူကပြောပါတယ်။တပ်မတော်သားကိုယ်စားလှယ်တွေပာာ ဘယ်သူဟစ်ဦးတစ်ယောက်ရဲ့ ရွေးချယ်တင်မြှေက်မှုမှ မရှိဘဲ လွတ်တော်မှာနေရာ ရနေတဲ့ ဖွဲ့စည်းပုံ ကိုဝေဖန်ခဲ့ပါတယ်။ တိုင်းပြည်မှာတာဝန်ရှိတဲ့ သူတွေရဲ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတင်ပြဖို့ လွတ်တော်မှာ အဆိုတင်ခဲ့ရာမှာ တင်ပြတဲ့ […]

RNDP ပါတီနှင့် ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲ

ကျွန်ုပ်တို့၏ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးမှနေ၍ RNDP ပါတီအား ရိုဟင်ဂျာသမိုင်းဆိုင်ရာ စကားစစ်ထိုးပွဲအား တက်ရောက်၍ ပါရဂူဘွဲ့ရ နိုင်ငံတကာ သမိုင်းပညာရှင်ကြီးများဖြစ်ကြသော ပါမောက္ခ Dr Abid Bahar နှင့် ပါမောက္ခ Dr. Habib Siddiqui တို့နှစ်ဦးနှင့် မျက်နှာစုံညီ ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် RNDP ပါတီ ဌာနချုပ်၏ အီမေးလ် (rndp.sittway@gmail.com)မှတဆင့် တရားဝင် ဖိတ်ကြားလွှာ ပေးပို့ပြီးဖြစ်ပါကြောင်းနှင့် ယင်း ဖိတ်ကြားလွှာကို ပြည်သူတစ်ရပ်လုံး သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။ သို့ ဒေါက်တာအေးမောင် ဥက္ကဌ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (ဌာနချုပ်) အမှတ်- မဘ/၂၂၄၊ မင်းဘာကြီးလမ်း၊ ဘောက်သီးစုရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ။ […]

ကမ္ဘာကျော် မြန်မာ့သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း၏ ရေးသားချက်လာ ရိုဟင်ဂျာလူမျိုးများအကြောင်း

ကမ္ဘာကျော် မြန်မာ့သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းမှ “AD 1442 ၌ ရေးထွင်း၍ထားခဲ့သော ကျောက်စာတွင် မွတ်စလင်မင်းများ အမည်ကို ဖော်ပြထားချက်အရ ၎င်းတို့သည် နတ်မြစ် အရှေ့ဖက်ခြမ်း (ကုလားတန်မြစ် အနောက်ဖက်) မေယုမြစ်ဝှမ်းဒေသမှ ရိုဟင်ဂျာများ ဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နှစ်ထောင်ပေါင်းများစွာကတည်းက နေထိုင်သူများဟု အခိုင်အမာပြောဆိုနေသည်ကို ထောက်ထား၍ ၎င်းတို့သည် ယင်းဒေသနေ ရိုဟင်ဂျာများ ဟုယူဆနိုင်ကြောင်း၊ရိုဟင်ဂျာတို့၏ ဖြစ်တည်ရှိမှုသည် 1202C.E. စတင်၍ ဖြစ်နိုင်ကြောင်း”ရေးသားဖော်ပြခဲ့သည်။

မြန်မာပြည်မှ နာဇီပေါက်စလေးများ

ဒီနေ့မြန်မာနိုင်ငံကို ခရီးသွားကြတဲ့ ဧည့်သည်များဟာ လမ်းတွေပေါ်မှာ တီရှပ်ဝတ်လူငယ် အတော်များများကို တွေ့ကြရပါတယ်..။ သူတို့ ၀တ်ထားကြတဲ့ တီရှပ်တွေမှာ စက်ဝိုင်းထဲမှာ နာဇီစင်္ကြာတံဆိပ်နဲ့ အပေါ်ကNazi ဆိုတဲ့စာတန်းကိုလည်း တွေ့ရပါတယ်..။ ဒုတိယကမ္ဘာစစ်တုန်းက ဆိုင်ကယ်စီး ဦးထုတ်ပုံစံပေါ်မှာ နာဇီတံဆိပ်နဲ့ အလှဆင်ပြီး ဆောင်းကြတာကိုလည်း တွေ့ရပါတယ်..။ မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး တေးဂီတ၀ိုင်းလည်းဖြစ် .. အမေရိကားကိုလည်း အလည်ရောက်ခဲ့ဖူးပြီး.. ဖေ့စ်ဘွတ်(ခ်) မှာလည်း ပရိသတ် အများအပြားရှိနေတဲ့ The Iron Cross တီးဝိုင်းရဲ့ အမှတ်တံဆိပ်ဟာလည်း ဂျာမန်စစ်သူရဲကောင်းတွေကို ဟစ်တလာ ချီးမြှင့်လေ့ ရှိတဲ့ သံကြက်ခြေ တံဆိပ် ဖြစ်နေတာကို တွေ့ရပြန်တယ်.. အဲဒီ သံကြက်ခြေကို လင်းယုန်က ချီထားတဲ့ ရုပ်ပုံဟာ လင်းယုန်ရဲ့ ခြေသည်းကြားမှာ နာဇီစင်္ကြာ အစား Iron […]