Leave a comment

မှူးဇော် (ဦးဇော်ဌေး) မှ Facebook မှတဆင့်ရခိုင်အရေးကိုမည်သို့လှုံ့ဆော်ခဲ့သလဲ။

မှူးဇော် (ဦးဇော်ဌေး) မှ Facebook မှတဆင့်ရခိုင်အရေးကိုမည်သို့လှုံ့ဆော်ခဲ့သလဲ။.

Leave a comment

သေဆုံးပြီ ထင်ကာ မြေမြှုပ် သဂြုင်္ိဟ်ခဲ့ တဲ့ကြောင် ကလေး ငါးရက် အကြာမှာ သခင့်ထံ ပြန်ရောက်လာ

သေဆုံးပြီထင်ကာ မြေမြှုပ်သဂြုင်္ိဟ်ခဲ့တဲ့ကြောင်ကလေး

ငါးရက် အကြာမှာ သခင့်ထံ ပြန်ရောက်လာ

ဖလော်ရီဒါ-

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ငါးရက်ကြာ မြေမြှုပ်သဂြုင်္ိဟ်ခဲ့ ပြီးနောက် ပြန်လည်အသက်ရှင်လာခဲ့တဲ့ ကြောင်လေးတစ်ကောင်ရဲ့ဖြစ်ရပ်ကို UPI သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကတော့ ဖလော် ရီဒါပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ချစ်စရာကောင်းလှတဲ့ကြောင်လေး သေဆုံးသွားပြီထင်မှတ်ကာ မြေမြှုပ်သဂြုင်္ိဟ် ပေးခဲ့ပါတယ်။ ယင်းမြေမြှုပ်နှံသဂြုင်္ိဟ်ခဲ့တဲ့ Bart လို့ အမည်ပေးထားတဲ့ ကြောင်လေး ဟာ ငါးရက်အကြာမှာတော့ သခင့်ထံ ပြန် ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ယင်းကြောင်လေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတိုက်ခံရပြီး အသက် ရှူရပ်တန့်သွားခဲ့လို့ သေဆုံးသွားပြီထင်ကာ သခင်ဖြစ်သူက မြေမြှုပ်သဂြုင်္ိဟ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ယခုလို အသက်ပြန်လည်ရှင် လာတဲ့ ကြောင်လေးကို သခင်ဖြစ်သူက အတော်လေးအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။

ကားတိုက်ခံထားရတဲ့အတွက် မေးစေ့နဲ့မျက်လုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တဲ့ ကြောင်လေးကို သားရဲတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ခွဲစိတ်ကုသ မှုပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Ref: UPI

#TheFlowerNews

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup

www.yangonmedia.com

|───────────Yangon Media Group ──────────|

အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ ငါးရက်ကြာ မြေမြှုပ်သဂြုင်္ိဟ်ခဲ့ ပြီးနောက် ပြန်လည် အသက်ရှင်လာ ခဲ့တဲ့ ကြောင်လေး တစ်ကောင်ရဲ့ဖြစ်ရပ်ကို UPI သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကတော့ ဖလော် ရီဒါပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ဟာ သူ့ရဲ့ ချစ်စရာကောင်းလှ တဲ့ကြောင်လေး သေဆုံး သွားပြီထင်မှတ်ကာ မြေမြှုပ်သဂြုင်္ိဟ် ပေးခဲ့ပါတယ်။ ယင်းမြေမြှုပ်နှံသဂြုင်္ိဟ်ခဲ့တဲ့ Bart လို့ အမည်ပေးထားတဲ့ ကြောင်လေး ဟာ ငါးရက်အကြာမှာတော့ သခင့်ထံ ပြန် ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ယင်းကြောင်လေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကားတိုက်ခံရပြီး အသက် ရှူရပ်တန့်သွားခဲ့လို့ သေဆုံးသွားပြီထင်ကာ သခင်ဖြစ်သူ က မြေမြှုပ် သဂြုင်္ိဟ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ယခုလို အသက်ပြန်လည်ရှင် လာတဲ့ ကြောင်လေးကို သခင်ဖြစ်သူက အတော်လေးအံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။

ကားတိုက်ခံထားရတဲ့အတွက် မေးစေ့နဲ့မျက်လုံးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့တဲ့ ကြောင်လေးကို သားရဲတိရစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့က ခွဲစိတ်ကုသ မှုပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

|───────────Yangon Media Group ──────────|

www.facebook.com/YangonMediaGroup
www.yangonmedia.com

ညအချိန် မြူနှင်းများ အုံ့ဆိုင်းနေ၍ နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်များ သတိထားသွားလာ

Mon, 2015-01-19 06:47

အမြန်လမ်းတွင် ဇန်န၀ါရီ ၁၈ ရက် ည လင်းအားကြီးအချိန်တွင် မြူနှင်းများ ထူထပ်စွာကျဆင်းနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်ရှိ နေပြည်တော် -မန္တလေးလမ်းပိုင်းတွင် ယခုရက် ပိုင်းအတွင်း ညအချိန်မြူနှင်းများ အုံ့ဆိုင်းနေသဖြင့် ယာဉ်မတော်တဆမှုမဖြစ်ပေါ်စေရန် သတိထားမောင်းနှင်နေရကြောင်း အမြန် လမ်း၌    မောင်းနှင်နေသော ယာဉ် မောင်းများက ပြောသည်။

‘‘ရာသီ အပြောင်းအလဲ ကြောင့် အမြန်လမ်းမကြီး နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ မြူ နှင်းတွေ အုံ့ဆိုင်းမှုပိုများတယ်။ အဖြစ်များတာတော့ ည ၁၂ နာရီ နောက်ပိုင်းပေါ့။ လမ်းလယ်မျဉ်း ကို ကြည့်မောင်းနေရတယ်။ မြူတွေကြောင့် လမ်းကြောကို ကောင်းကောင်းမမြင်ရဘူး’’ဟု ရန်ကုန်-မုံရွာ ရွှေစင်စင်္ကြာခရီး သည်တင်ယာဉ်မောင်း ကိုသက် ပိုင်က ပြောသည်။

ထိုသို့သတိထားမောင်းနှင် နေရသဖြင့် ပုံမှန်ထက် တစ်နာရီ ၀န်းကျင်နောက်ကျပြီးမှ ရောက်ရှိ ကြောင်း ၎င်းကပြောသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၁၈ ရက် နံနက်၌ မြူနှင်းများ အုံ့ဆိုင်းနေခြင်းကြောင့် ခရီး သည်တင်ယာဉ်များ သတိကြီးစွာ မောင်းနှင်ခဲ့ရပြီး ကိုယ်ပိုင် ယာဉ် ငယ်အချို့ လမ်းဘေးတွင်ချကာ ရပ်နားခဲ့ရကြောင်းကို သက်ပိုင်က ဆိုသည်။

‘‘အမြန်လမ်းမှာ တောင် ကုန်း တောင်တန်းတွေကြောင့် မြူတွေဆိုင်းတာ မကြာခဏကြုံ ဖူးပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း မြူတွေဆိုင်းတာက နေပြည်တော် ကနေ မန္တလေးအထိ လမ်းပိုင်းအ ရှည်ကြီးကို မြူတွေဆိုင်းတာ။ မန္တလေးဘက်က မြူတွေဆိုင်းရုံ သာမကဘူး၊ မိုးစက်မိုးပေါက် လေးတွေပါတွေ့ရတယ်။မြူတွေ ကြောင့် လမ်းအကွေ့ အကောက် တွေမှာ လမ်းပျောက်သွားတဲ့အ တွက် လမ်းအမှတ်အသားတွေ ကို ကြည့်မောင်းနေရတယ်။ ရှေ့ မီးကြီးလည်း သုံးမရ၊ အောက်မီး လေးနဲ့ပဲ လမ်းကို ရှာမောင်းရ တော့ အချိန်ပိုကြာတတ်ပါတယ်’’ ဟု မုံရွာ-ရန်ကုန်ခရီးသည်တင် ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Leave a comment

မြောက်ဦးမြို့မှ ရဲတပ်ဖွဲ့ဝင်များ ကျူးလွန်သော အမှုကို ပြောင်းပြန် လုပ်၍ ရွာသားများကို ဖမ်းရန် ကြိုးစားနေ

RB News
9.6.2013

မြောက်ဦး ။ ။ ရခိုင် ပြည်နယ်၊ မြောက်ဦး မြို့နယ်၊ ပရိန် ကျေးရွာ အုပ်စုတွင် ဇွန်လ (၄) ရက်နေ့က ရဲတပ်ဖွဲ့ဝင် များ၏ ပစ်ခတ် မှုကြောင့် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦး သေဆုံး ခဲ့ရပြီး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ပါသည်။

ထိုသို့ အာဏာပိုင် များဖြစ်သော ရဲတပ်ဖွဲ့ ၀င်များမှ သေနတ် ပစ်ခတ်၍ လူသေဆုံး သွားသည် အထိ ကျူးလွန် ခဲ့သည်ကို အမှု ပြောင်းပြန် တည်ဆောက် လို၍ ၎င်းပစ်ခတ် မှုကို ဒေသခံ အချင်းချင်း အပြန် အလှန် သတ်ဖြတ် လေဟန် အသွင်ပြောင်း အမှု ဖွင့်နိုင်ရန် မြောက်ဦး ခရိုင်နှင့် မြို့နယ် အာဏာပိုင် များမှ ကြိုးစား နေကြောင်း သိရှိ ရသည်။

ယနေ့ (ဇွန်လ ၉ ရက်) တွင် မြို့နယ် အုပ်ချုပ် ရေးမှူးမှ အဆိုပါ ကျေးရွာသို့ အကြောင်း ကြားစာ ပို့ရာတွင် “မနက်ဖြန် ကျရင် တရားခံ (၁၅) ဦး နာမည် ပေးရန်၊ အကယ်၍ တရားခံဟု စာရင်း မပေးပဲ အမျိုးသားများ ရွာမှ ထွက်ပြေး တိမ်းရှောင် သွားပါက ၎င်းတို့၏ ဇနီး သားမယားများ၊ အိမ်ရှိ အမျိုးသမီး များအား သားမယား အဖြစ် အဓမ္မပြု ကျင့်မည်” စသည်ဖြင့် ရာဇသံ ပေးပြောကြား သွားကြောင်း အမည် မဖော် လိုသူ ပရိန် ရွာသား တစ်ယောက်မှ သိရ ပါသည်။

ပရိန် ဒေသခံ ရိုဟင်ဂျာ များသည် မိမိတို့ မကျူးလွန် ခဲ့သော အမှုကို ကျူးလွန် သည်ဟု အဓမ္မ တရားခံ အဖြစ် သဘောတူ အဖမ်းခံရန် မည်သို့မျှ မလိုလားချေ။ ထို့အပြင် ရွာသားများ စိုးရိမ် နေသည်မှာ မြို့နယ် အုပ်ချုပ်ရေးမှူး၏ အမိန့် အရ အပြစ် မရှိပဲ လူ (၁၅) ဦး အဖမ်းခံ ခဲ့လျှင် ၎င်း (၁၅) ဦးမှ နောက်ထပ် အယောက် (၃၀) ကို တရားခံ အဖြစ် အတင်း အဓမ္မ ထွက်ဆို ခိုင်းသည့် နည်းဖြင့် တစ်ရွာလုံး ရွာသူ ရွာသား များကို တရားခံ အဖြစ် ဖန်တီးကာ ထောင်ချောက်ဆင် အမှုဖွင့် ထောင်ချ မည်ကို စိုးရိမ်၍ မည်သို့ လုပ်ရမည် မသိ ဖြစ်နေ ကြောင်းလည်း သတင်း ရရှိ ပါသည်။

အာဏာပိုင် များပြော သကဲ့သို့ မဆောင်ရွက် ပါက ၎င်းတို့၏ လယ်မြေများ ထွန်ယက်ခြင်းကို တားမြစ်ခြင်း၊ တောင်သူ၊ သူရင်းငှား အဖြစ် လုပ်ကိုင်ခြင်းကို တားမြစ်မည့် အပြင် ပြင်းထန်စွာ အရေးယူ မည်ဖြစ်ကြောင်း မြောက်ဦး မြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ခရိုင်မှူး များမှ ခြိမ်းခြောက် ထားကြောင်း သိရ ပါသည်။

http://bit.ly/17AMTuP

Leave a comment

စက်မှုဇုန်များ၌ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေဟု ဆိုသော်လည်း အပြည့်အ၀ မရရှိ

Monday, June 10, 2013

ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီး ပေးနေသည် ဆိုသော်လည်း အဆိုပါ အချိန်ပိုင်း မီးပေးနေသည့် ကာလအတွင်း၌ပင် အပြည့်အ၀ မရရှိကြောင်း စက်မှုဇုန်များရှိ လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်မီး ပေးခြင်းအား ယခုနှစ် မတ်လအတွင်းမှ စတင်ကာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး မေလကုန်အထိ လုံးဝရပ်ဆိုင်း ထားခဲ့ကြောင်း၊ ဇွန် ၁ ရက်မှ စတင်ကာ စက်မှုဇုန်များသို့ တစ်နေ့လျှင် ၅ နာရီဖြင့် အလှည့်ကျ စနစ်ဖြင့် ပြန်လည်မီးပေး ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

“ကျွန်တော်တို့ စက်မှုဇုန်တွေကို မတ်လကနေ မေလကုန်အထိ မီးလုံးဝမပေးဘူး။ အခုဇွန် ၁ ရက်ကစပြီး တစ်နေ့ကို ၅ နာရီ အလှည့်ကျ စနစ်နဲ့ မီးပေးမယ် ပြောတယ်။ တစ်ပိုင်းက ၇ နာရီကနေ ၁၂ နာရီ အထိဆိုရင် ကျန်တဲ့တစ်ပိုင်းကို ၁၂ နာရီကနေ ၅ နာရီအထိ မီးပေးတယ်။ ဟုတ်ပါတယ်။ တစ်နေ့ကို ၅ နာရီတော့ စပေးနေပါပြီ။ ဒါပေမယ့် ပေးတဲ့အချိန်လေး အတွင်းတော့ အပြည့်အ၀ ပေးသင့်တာပေါ့။ အခုတော့ တစ်နေ့ ၅ နာရီကိုတောင် ၅ နာရီလုံး အပြည့်အ၀ မီးမရဘူး။ ပြတ်တောင်း ပြတ်တောင်းနဲ့။ ပြီးတော့ မီးအားကလည်း မပြည့်ဘူး” ဟု လှိုင်သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအား မေလကုန်မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက မေ ၂၈ ရက်၊ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေးရုံး၌ ပြုလုပ်ကျင်းပသည့် လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အလားတူ ရန်ကုန်မြို့တော် အတွင်းရှိ စက်မှုဇုန် အများစု၌ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီများမှ လာရောက်ဆွေးနွေးနေကြောင်း၊ သို့သော်လည်း စက်မှုဇုန် လုပ်ငန်းရှင်များနှင့် ဆွေးနွေးတိုင်ပင် ပြီးမှသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

“ရန်ကုန်က စက်မှုဇုန်တွေကို လျှပ်စစ်မီး မပေးနိုင်တဲ့အတွက် လုပ်ငန်းရှင်တွေကို မျက်နှာပူလို့ ကျွန်တော့်အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ အခုလိုလာရောက် တွေ့ဆုံခြင်း မပြုခဲ့တာ ကြာပါပြီ။ အဲဒီ အတွက်လည်း ကျွန်တော်တို့ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ အမြန်ဆုံး ပေးနိုင်အောင်လည်း ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

%d bloggers like this: